Friday, May 19, 2017

ပဲ့ကိုင္ရွင္ (ပဲ့ကိုင်ရှင်)



#Unicode
" ပဲ့ကိုင်ရှင်"

ချစ်ခြင်းဖွဲ့ သံစဉ်ရဲ့အလွန်မှာ

နားလည်မှုကိုအရင်းတည်လို့

နှလုံးသားကိုဆုပ်ကိုင်

ဘဝကိုလိုရာပုံသွင်းပေးနိုင်တယ်၊

အပိုအလိုမရှိတည်းဖြတ်နိုင်တယ်

ကျွန်တော်ဟာလှေတစ်စင်းဆိုရင်

လိုရာခရီးကိုတည့်မတ်နိင်တဲ့

သူဟာ ပဲ့ကိုင်ရှင်ကြီးပေါ့။

#ZawGyi
" ပဲ့ကိုင္ရွင္"
ခ်စ္ျခင္းဖြဲ႔ သံစဥ္ရဲ႕အလြန္မွာ
နားလည္မႈကိုအရင္းတည္လို႔
ႏွလံုးသားကိုဆုပ္ကိုင္
ဘဝကိုလိုရာပံုသြင္းေပးႏိုင္တယ္၊
အပိုအလိုမရွိတည္းျဖတ္ႏိုင္တယ္
ကၽြန္ေတာ္ဟာေလွတစ္စင္းဆိုရင္
လိုရာခရီးကိုတည့္မတ္နိင္တဲ့
သူဟာ ပဲ့ကိုင္ရွင္ႀကီးေပါ့။

Thursday, May 4, 2017

**ခြင့္မပန္ပဲ မသြားပါနဲ႔** (ခွင့်မပန်ပဲ မသွားပါနဲ့)




#Unicode
*ခွင့်မပန်ပဲ မသွားပါနဲ့**

ခွင့်မပန်ပဲ မသွားပါနဲ့ အချစ်ရယ်

တစ်ညလုံံး မငး်ကိုစောင့်ကြည့်ခဲ့ရလို့

အခုတော့....ငါ့မျက်လုံးတွေဟာ

အိပ်ချင်စိတ်နဲ့လေးလံခဲ့ပေါ့။
မှေးမှိတ်... အိပ်ပျော်သွားတဲ့ အခိုက်မှာ
မင်းကို လက်လွတ် ဆုံးရှုံးသွား မှာကို
စိုးကြောက်မိပါရဲံ.။
ခွင့်မပန်ပဲ......မသွားပါနဲ့ .....အချစ်ရယ်
မင်းကို ထိတွေ့ဆုပ်ကိုင်​ ထားမိဖို့
ငါ့လက်နဲ့ ထထိုင်စမ်းသပ်ခဲ့မိပေါ့။
"အဲဒါတွေဟာ အိမ်မက်တစ်ခုပဲလား"လို့
ကိုယ့်ဘာသာကိုယ်လည်း...ပြန်မေးခဲ့မိရဲ့။
မင်းရဲ့ခြေအစုံကို ငါ့နှလုံးသားနဲ့ရစ်ပတ်ပြီး
ရင်ထဲမှာ..ခိုင်မြဲစွာ
သိမ်းစည်းထားပါရစေ..ကွယ်

ခွင့်မပန်ပဲ......မသွားပါနဲ့ .....အချစ်ရယ်


#ZawGyi

**ခြင့္မပန္ပဲ မသြားပါနဲ႔**
ခြင့္မပန္ပဲ မသြားပါနဲ့ အခ်စ္ရယ္
တစ္ညလံံုး မငး္ကိုေစာင့္ၾကည့္ခဲ့ရလုိ့
အခုေတာ့....ငါ့မ်က္လံုးေတြဟာ
အိပ္ခ်င္စိတ္နဲ့ေလးလံခဲ့ေပါ့။
ေမွးမွိတ္... အိပ္ေပ်ာ္သြားတဲ့ အခိုက္မွာ
မင္းကို လက္လြတ္ ဆံုးရွုံးသြား မွာကို
စိုးေၾကာက္မိပါရဲံ.။
ခြင့္မပန္ပဲ......မသြားပါနဲ့ .....အခ်စ္ရယ္
မင္းကို ထိေတြ႔ဆုပ္ကိုင္​ ထားမိဖို႔
ငါ့လက္နဲ့ ထထိုင္စမ္းသပ္ခဲ့မိေပါ့။
"အဲဒါေတြဟာ အိမ္မက္တစ္ခုပဲလား"လုိ႔
ကိုယ့္ဘာသာကိုယ္လည္း...ျပန္ေမးခဲ့မိရဲ့။
မင္းရဲ့ေျခအစံုကို ငါ့နွလံုးသားနဲ့ရစ္ပတ္ျပီး
ရင္ထဲမွာ..ခိုင္ျမဲစြာ
သိမ္းစည္းထားပါရေစ..ကြယ္
ခြင့္မပန္ပဲ......မသြားပါနဲ့ .....အခ်စ္ရယ္

ထာဝရအတူရွိ္မည့္အခ်စ္ (" ထာဝရအတူရှိမည့်အချစ် ")





#Unicode
" ထာဝရအတူရှိမည့်အချစ် "

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်

ငြင်းခုန်နေပါစေ၊ စိတ်ကောက်နေပါစေ... ဝေးကွာနေပါစေ...

အမြဲအတူရှိနေမယ်။

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ် 
ငါတို့အလုပ်များနေပါစေ၊ ငါတို့ မောပန်းနေပါစေ
တစ်ယောက်ကိုတစ်ယောက်တွေ့တာနဲ့
နွေးနွေးထွေးထွေး ပြုံးရယ်ပြပြီး
ရှေ့ဆက်လျှောက်လှမ်းသွားမယ်။
ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
တယိမ်းတယိုင်နဲ့လှမ်းလျှောက်နိုင်
ချိန်အထိ၊ ဆည်းဆာနေဝင်ချိန်အထိ၊
ဆံဖြူသွားကျိုးတဲ့အထိ....
ချစ်သူပါးပြင်ထက် အနမ်းစက်တို့ခြွေလျှက်
တိုးတိုးလေးကပ်ပြီးပြောမယ်.
*နင်နဲ့အတူထာဝရ ငါနေသွားမယ်လို့*


#ZawGyi " ထာဝရအတူရွိ္မည့္အခ်စ္ "
ဘယ္ေတာ့မွာလမ္းမခဲြတဲ့ အခ်စ္တစ္ခု ငါရခ်င္တယ္
ျငင္းခုန္ေနပါေစ၊ စိတ္ေကာက္ေနပါေစ... ေဝးကြာေနပါေစ...
အၿမဲအတူရွိေနမယ္။
ဘယ္ေတာ့မွာလမ္းမခဲြတဲ့ အခ်စ္တစ္ခု ငါရခ်င္တယ္ 
ငါတို႔အလုပ္မ်ားေနပါေစ၊ ငါတို႔ ေမာပန္းေနပါေစ
တစ္ေယာက္ကိုတစ္ေယာက္ေတြ႔တာနဲ႔
ေႏြးေႏြးေထြးေထြး ၿပံဳးရယ္ျပၿပီး
ေရွ႕ဆက္ေလွ်ာက္လွမ္းသြားမယ္။
ဘယ္ေတာ့မွာလမ္းမခဲြတဲ့ အခ်စ္တစ္ခု ငါရခ်င္တယ္
တယိမ္းတယိုင္နဲ႔လွမ္းေလွ်ာက္ႏိုင္
ခ်ိန္အထိ၊ ဆည္းဆာေနဝင္ခ်ိန္အထိ၊
ဆံျဖဴသြားက်ဳိးတဲ့အထိ....
ခ်စ္သူပါးျပင္ထက္ အနမ္းစက္တို႔ေျခြလွ်က္
တိုးတိုးေလးကပ္ၿပီးေျပာမယ္.
*နင္နဲ႔အတူထာဝရ ငါေနသြားမယ္လို႔*

Sunday, April 30, 2017

သတိရျခင္း (သတိရခြင်း)





ငါ..လမ္းေတြ..
မေၿဖာင္ၿဖဴးေတာ့ဘူး..ခ်စ္သူ
နင့္...ထားခဲ့တဲ့ညတုိင္းမွာ
ငါ..တစ္ေယာက္တည္း
ဘယ္ေလာက္အထီးက်န္တယ္ဆုိတာ
နင္လည္းသိတယ္..
ငါကုိယ္တုိင္လည္း...ခံစားရတယ္
အၿဖစ္ပ်က္ေတြက...
တရားခံမရွိဘဲ....
ငါတုိႏွစ္ေယာက္
ဘာေႀကာင့္..
အလြမ္းေတြထမ္းပုိထားရတာလဲ..
ကံႀကမၼာနဲ႔အခြင့္ေရးက..
သနားတတ္မယ္ဆုိရင္..
ငါ့မ်က္၀န္းေတြ..
ဘယ္မွာစုိစြတ္ပါ့မလဲ...
ခုေတာ့...
ငါႏွလုံးသားေတြ..နာက်င္ေနၿပီခ်စ္သူရယ္
အထူးသၿဖင့္..
ငါ့နားမွာ...နင္မရွိတဲ့အခ်ိန္ေတြေပါ့...။
 အမာရြတ္ရဲ႕ မလွပၿခင္းကို
ဒဏ္ရာရဖူးတဲ့ သူမွသိလိမ့္မယ္….
မ်က္ရည္ရဲ႕ ခါးသီးၿခင္းကို
ငိုဖူးတဲ့ သူမွသိလိမ့္မယ္….
အလြမ္းရဲ႕ နာက်င္ၿခင္းကို
ခ်စ္ဖူးတဲ့ သူမွသိလိမ့္မယ္...

#Unicode
ငါ..လမ်းတွေ..

မဖြောင်ဖြူးတော့ဘူး..ချစ်သူ

နင့်...ထားခဲ့တဲ့ညတိုင်းမှာ

ငါ..တစ်ယောက်တည်း

ဘယ်လောက်အထီးကျန်တယ်ဆိုတာ

နင်လည်းသိတယ်..

ငါကိုယ်တိုင်လည်း...ခံစားရတယ်

အဖြစ်ပျက်တွေက...

တရားခံမရှိဘဲ....

ငါတိုနှစ်ယောက်

ဘာကြောင့်..

အလွမ်းတွေထမ်းပိုထားရတာလဲ..

ကံကြမ္မာနဲ့အခွင့်ရေးက..

သနားတတ်မယ်ဆိုရင်..

ငါ့မျက်ဝန်းတွေ..

ဘယ်မှာစိုစွတ်ပါ့မလဲ...

ခုတော့...

ငါနှလုံးသားတွေ..နာကျင်နေပြီချစ်သူရယ်

အထူးသဖြင့်..

ငါ့နားမှာ...နင်မရှိတဲ့အချိန်တွေပေါ့...။

 အမာရွတ်ရဲ့ မလှပခြင်းကို

ဒဏ်ရာရဖူးတဲ့ သူမှသိလိမ့်မယ်….

မျက်ရည်ရဲ့ ခါးသီးခြင်းကို

ငိုဖူးတဲ့ သူမှသိလိမ့်မယ်….

အလွမ်းရဲ့ နာကျင်ခြင်းကို

ချစ်ဖူးတဲ့ သူမှသိလိမ့်မယ်...

ရွိေနေပးပါ (ရှိနေပေးပါ )






* ရွိေနေပးပါ *

စိတ္ဓိိတ္က်လုိတစ္ေယာက္တည္း
အားငယ္ရလြန္းတဲ့အခ်ိန္ေတြမွာ
ကုိယ့္ အနား မင္းရွိပါ....
အထီးက်န္အေဖာ္မဲ့ေနတဲ့
ေၿခာက္ကပ္ကပ္ေနရက္ေတြထဲ့မွာ
ကုိယ့္ အနား မင္းရွိပါ.....
ႏွလုံးသားကတစ္စုံတစ္ရာကုိ
ၿပင္းၿပင္းၿပၿပတမ္းတေနခ်ိန္မွာ
ကုိယ့္ အနား မင္းရွိပါ....
မညီမွ်မူေတြဖက္ၿပိဳင္အံတုလုိ
ခပ္ႀကမ္းႀကမ္းေနရက္ေတြထဲ
ရင္နာေႀကကြဲရတဲ့အခ်ိန္ေတြတုိင္းမွာ
ကုိယ့္ အနား မင္းရွိပါ....
ႏွစ္သိမ္မူ.အယုအယေတြနဲ
ေဖးမဖုိ မလုိေပမယ့္
ကုိယ့္ အနား မင္းရွိပါ...
အဆုံးသတ္မွာ....
အားလုံးကုိရူံးနိမ့္ေပးဆပ္ခဲ့ရ ရင္ေတာင္
ကုိယ့္ အနားမွာ (ရွိရုံေလးပဲ)
မင္းရွိေနေပးပါ


#Unicode
* ရှိနေပေးပါ *


စိတ်ဓိိတ်ကျလိုတစ်ယောက်တည်း
အားငယ်ရလွန်းတဲ့အချိန်တွေမှာ
ကိုယ့် အနား မင်းရှိပါ....
အထီးကျန်အဖော်မဲ့နေတဲ့
ခြောက်ကပ်ကပ်နေရက်တွေထဲ့မှာ
ကိုယ့် အနား မင်းရှိပါ.....
နှလုံးသားကတစ်စုံတစ်ရာကို
ပြင်းပြင်းပြပြတမ်းတနေချိန်မှာ
ကိုယ့် အနား မင်းရှိပါ....
မညီမျှမူတွေဖက်ပြိုင်အံတုလို
ခပ်ကြမ်းကြမ်းနေရက်တွေထဲ
ရင်နာကြေကွဲရတဲ့အချိန်တွေတိုင်းမှာ
ကိုယ့် အနား မင်းရှိပါ....
နှစ်သိမ်မူ.အယုအယတွေနဲ
ဖေးမဖို မလိုပေမယ့်
ကိုယ့် အနား မင်းရှိပါ...
အဆုံးသတ်မှာ....
အားလုံးကိုရူံးနိမ့်ပေးဆပ်ခဲ့ရ ရင်တောင်
ကိုယ့် အနားမှာ (ရှိရုံလေးပဲ)

မင်းရှိနေပေးပါ

Friday, April 28, 2017

မဝံ့မရဲ တဲ့ အခ်စ္ (မဝံ့မရဲ တဲ့ အချစ်)






မဝံ့မရဲ တဲ့ အခ်စ္
~~~~~~~~~~
မေမွ်ာ္လင့္ ရဲ ဘူးေၿပာေနေပမယ့္
ရင္ထဲတေနရာက
တိုးတိတ္စြာ ေမွ်ာ္လင့္မိပါတယ္
မရနိဳင္ဘူးေၿပာေနေပမယ့္
မသိစိတ္တေနရာ
တမ္းတစြာ လိုခ်င္မိပါတယ္
မၿဖစ္နိဳင္ေတာ့ဘူး ဆိုေပမယ့္
အသဲတေနရာက
မဝံ့ရဲစြာ ေတာင္းတမိေနပါတယ္
မဆုံနိဳင္ဘူးထင္ေပမယ့္
ႏွလုံးသားရဲ့
အနက္ရွူိင္းဆုံးတေနရာက
ရူးသြပ္စြာနဲ ့
ဆုံနိဳင္ခြင့္ကုိ တမ္းတရင္း
မနက္ၿဖန္ဆိုတာ ရွိေနသေရြ ့ေပါ့


#Unicode
မဝံ့မရဲ တဲ့ အချစ်

~~~~~~~~~~

မမျှော်လင့် ရဲ ဘူးပြောနေပေမယ့်

ရင်ထဲတနေရာက

တိုးတိတ်စွာ မျှော်လင့်မိပါတယ်
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တနေရာ
တမ်းတစွာ လိုချင်မိပါတယ်
မဖြစ်နိုင်တော့ဘူး ဆိုပေမယ့်
အသဲတနေရာက
မဝံ့ရဲစွာ တောင်းတမိနေပါတယ်
မဆုံနိုင်ဘူးထင်ပေမယ့်
နှလုံးသားရဲ့
အနက်ရှိူင်းဆုံးတနေရာက
ရူးသွပ်စွာနဲ ့
ဆုံနိုင်ခွင့်ကို တမ်းတရင်း

မနက်ဖြန်ဆိုတာ ရှိနေသရွေ ့ပေါ့

တို႔အတူ (တို့အတူ)








ေၾကြရွာတဲ့ သစ္ရြက္ေတြမွာေတာင္
ခိုစရာေျမျပင္ရွိေသးတယ္၊
ေဝဒနာနဲ ့ႏွစ္ရက္ေတြမွာငါ
ငိုစရာရင္ခြင္ မရွိဘူး။
ကံၾကမၼာက အတင္းပစ္ခ်လိုက္တဲ့တိုက္ပြဲမွာ
ေလာကဓံရဲ ့ လက္သီးခ်က္ေတြနဲ ့
ဘဝက ခဏခဏ ကြဲတယ္။
ဒဏ္ရာဒဏ္ခ်က္ေတြထဲက
စိမ့္ထြက္လာတဲ့ေသြးေတြကို
အၾကင္နာလက္ေတြနဲ ့
ဘယ္သူလာ ေဆးထည့္ေပးပါ့မလဲ။
ေၾသာ္...
ငါ့ပါးႏွစ္ဘက္ကမ္းေျခမွာ
အားတက္ေစမဲ့ “အနမ္းေလွ” ဟာ
ဘယ္အခ်ိန္လာေရာက္ ဆိုက္ကပ္ေလမလဲ။
အေတြးကိုယ္စီနဲ႔ ေမ်ာေနတဲ့ရက္ေတြလြန္ေစ
ဘဝေပးကုသိုလ္ကို မာန္မဖြဲ႕ပဲ
ကံၾကမၼာကို ငါတို႔တလွည့္အံတုၾကပါစို႕၊
ခက္ခဲတဲ့ဘဝ ငါတို႔အတူလက္တြဲၿပီး ရင္ဆိုင္ၾကပါစို႔.......


#Unicode
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်

ခိုစရာမြေပြင်ရှိသေးတယ်၊

ဝေဒနာနဲ ့နှစ်ရက်တွေမှာငါ

ငိုစရာရင်ခွင် မရှိဘူး။

ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ ့ လက်သီးချက်တွေနဲ ့
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ ့
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြော်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
အတွေးကိုယ်စီနဲ့ မျောနေတဲ့ရက်တွေလွန်စေ
ဘဝပေးကုသိုလ်ကို မာန်မဖွဲ့ပဲ
ကံကြမ္မာကို ငါတို့တလှည့်အံတုကြပါစို့၊

ခက်ခဲတဲ့ဘဝ ငါတို့အတူလက်တွဲပြီး ရင်ဆိုင်ကြပါစို့.......
© ချစ်သူဖတ်ဖို့ (ခ်စ္သူဖတ္ဖို႔) | Blogger Template by Enny Law