Friday, April 28, 2017
တို႔အတူ (တို့အတူ)
ေၾကြရွာတဲ့ သစ္ရြက္ေတြမွာေတာင္
ခိုစရာေျမျပင္ရွိေသးတယ္၊
ေဝဒနာနဲ ့ႏွစ္ရက္ေတြမွာငါ
ငိုစရာရင္ခြင္ မရွိဘူး။
ကံၾကမၼာက အတင္းပစ္ခ်လိုက္တဲ့တိုက္ပြဲမွာ
ေလာကဓံရဲ ့ လက္သီးခ်က္ေတြနဲ ့
ဘဝက ခဏခဏ ကြဲတယ္။
ဒဏ္ရာဒဏ္ခ်က္ေတြထဲက
စိမ့္ထြက္လာတဲ့ေသြးေတြကို
အၾကင္နာလက္ေတြနဲ ့
ဘယ္သူလာ ေဆးထည့္ေပးပါ့မလဲ။
ေၾသာ္...
ငါ့ပါးႏွစ္ဘက္ကမ္းေျခမွာ
အားတက္ေစမဲ့ “အနမ္းေလွ” ဟာ
ဘယ္အခ်ိန္လာေရာက္ ဆိုက္ကပ္ေလမလဲ။
အေတြးကိုယ္စီနဲ႔ ေမ်ာေနတဲ့ရက္ေတြလြန္ေစ
ဘဝေပးကုသိုလ္ကို မာန္မဖြဲ႕ပဲ
ကံၾကမၼာကို ငါတို႔တလွည့္အံတုၾကပါစို႕၊
ခက္ခဲတဲ့ဘဝ ငါတို႔အတူလက္တြဲၿပီး ရင္ဆိုင္ၾကပါစို႔.......
#Unicode
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ ့နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ ့ လက်သီးချက်တွေနဲ ့
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ ့
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြော်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
အတွေးကိုယ်စီနဲ့ မျောနေတဲ့ရက်တွေလွန်စေ
ဘဝပေးကုသိုလ်ကို မာန်မဖွဲ့ပဲ
ကံကြမ္မာကို ငါတို့တလှည့်အံတုကြပါစို့၊
ခက်ခဲတဲ့ဘဝ ငါတို့အတူလက်တွဲပြီး ရင်ဆိုင်ကြပါစို့.......
Subscribe to:
Post Comments (Atom)
Popular Posts
-
#Unicode " ပဲ့ကိုင်ရှင်" ချစ်ခြင်းဖွဲ့ သံစဉ်ရဲ့အလွန်မှာ နားလည်မှုကိုအရင်းတည်လို့ နှလုံးသားကိုဆုပ်ကိုင် ဘဝကိုလိုရာပုံသ...
-
ငါ..လမ္းေတြ.. မေၿဖာင္ၿဖဴးေတာ့ဘူး..ခ်စ္သူ နင့္...ထားခဲ့တဲ့ညတုိင္းမွာ ငါ..တစ္ေယာက္တည္း ဘယ္ေလာက္အထီးက်န္တယ္ဆုိတာ နင္လည္းသိတယ္.. ငါက...
-
#Unicode *ခွင့်မပန်ပဲ မသွားပါနဲ့** ခွင့်မပန်ပဲ မသွားပါနဲ့ အချစ်ရယ် တစ်ညလုံံး မငး်ကိုစောင့်ကြည့်ခဲ့ရလို့ အခုတော့....ငါ့မျက်လုံးတွ...
Pages - Menu
Blogroll
Search This Blog
Blog Archive
- May 2017 (3)
- April 2017 (8)
Contributors
©
ချစ်သူဖတ်ဖို့ (ခ်စ္သူဖတ္ဖို႔) | Blogger Template by Enny Law

No comments:
Post a Comment